သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ် ၃ နှစ်အတွင်း ပထမဆုံးတွေ့ဆုံ 


သုံးနှစ်အတွင်း ပထမဆုံးတွေ့ကြတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တရုတ်သမ္မတ Xi Jinping တို့ အေပက်ညီလာခံကျင်းပရာ ဘန်ကောက်မြို့တော်မှ မြင်ကွင်း။ (နိုဝင်ဘာ ၁၇၊ ၂၀၂၂)
သုံးနှစ်အတွင်း ပထမဆုံးတွေ့ကြတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တရုတ်သမ္မတ Xi Jinping တို့ အေပက်ညီလာခံကျင်းပရာ ဘန်ကောက်မြို့တော်မှ မြင်ကွင်း။ (နိုဝင်ဘာ ၁၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဂျပန်ဝန်ကြီးချုပ်နဲ့ တရုတ်သမ္မတတို့ ၃ နှစ်အတွင်း ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာကျင်းပနေတဲ့ APEC ညီလာခံပြင်ပမှာ တရုတ်သမ္မတ Xi Jinping နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းမှာ နျူကလီးယားလက်နက် လုံးဝ မသုံးသင့်ဘူးဆိုတဲ့အချက်ကို ၂ ဘက် သဘောတူခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် Kishida ကပြောပါတယ်။ တရုတ်သမ္မတ Xi ဘက်က ဒီကိစ္စအပေါ် ဘယ်လိုပြောသလဲဆိုတာကိုတော့ ဝန်ကြီးချုပ် Kishida ကပြောဆိုဖို့ ငြင်းဆန်ပါတယ်။

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ပတ်သက်လို့ သူ့ရဲ့စိုးရိမ်မှုကိုလည်း တရုတ်သမ္မတကို ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ Senkaku ကျွန်းစုတွေအပါအဝင် အရှေ့တရုတ်ပင်လယ်တည်ငြိမ်ရေးနဲ့ အရှေ့တရုတ်ပင်လယ်ထဲမှာ တရုတ်တပ်တွေချထားတာနဲ့ မစ်ဇိုင်းဒုံးတွေ လွှတ်နေတာတွေအပေါ် အလွန်အမင်းစိုးရိမ်တယ်လို့ ပြောခဲ့ကြောင်း ဝန်ကြီးချုပ် Kishida ကပြောပါတယ်။

ဂျပန်က Senkaku လို့ခေါ်ြင်္ပီး တရုတ်က Diaoyu လို့ခေါ်တဲ့ ကျွန်းတွေ ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ၂ နိုင်ငံ အငြင်းပွားနေကြတာပါ။ ဒါပေမဲ့ တရုတ်နဲ့ဂျပန်သံအရာရှိတွေကြား ဆွေးနွေးမှုတွေ ပြန်လုပ်ဖို့နဲ့ အစိုးရအဆင့်တိုင်းမှာ အဆက်အဆံပြန်စကြဖို့အတွက် တရုတ်သမ္မတကို ထပ်မံအတည်ပြုပြောခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးလည်း တရုတ်နိုင်ငံကို မကြာခင် သွားရောက်မယ်လို့ သူကပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ် ၃ နှစ်အတွင်း ပထမဆုံးတွေ့ဆုံ.mp3
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG