သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မိုးပျံပူဖောင်းကိစ္စ အမေရိကန်မှာ နိုင်ငံရေးအရ အငြင်းပွား 


USA-CHINA/SPY
USA-CHINA/SPY

[[Zawgyi/Unicode]]

တရုတ်နိုင်ငံက ထောက်လှမ်းရေးအတွက်ရည်ရွယ်တယ်လို့သံသယရှိတဲ့ မိုးပျံပူဖောင်းကြီးကို အမေရိကန်ကပစ်ချလိုက်တဲ့အပေါ် နိုင်ငံရေးအရ သဘောထားကွဲပြားမှုတွေထွက်ပေါ်နေပါတယ်။ သမ္မတ Joe Biden အစိုးရကတော့ အန္တရာယ်ကင်းအောင် အတ္တလန်တိတ်သမုဒ္ဒရာပေါ်မှာ ပစ်ချခဲ့တာဖြစ်ကြောင်း ကာကွယ်ပြောဆိုထားတဲ့တချိန်တည်းမှာပဲ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေကတော့ အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာနေရာတွေပေါ်ကို ဖြတ်သန်းခဲ့တဲ့ ပူဖောင်းကြီးကို လွန်ခဲ့တဲ့ သီတင်းတပတ်ကျော်လောက်ကတည်းက ပစ်ချသင့်တယ်လို့ ပြောနေကြတာပါ။

သယ်ယူပို့ဆောင်ရေးဝန်ကြီး Pete Buttigieg ကတော့ တရုတ်နိုင်ငံရဲ့လုပ်ရပ်ဟာ တိုင်းပြည်အချုပ်အခြာအာဏာကို ချိုးဖောက်မှုအဖြစ်လက်မခံနိုင်ကြောင်း အမေရိကန်ရုပ်သံ CNN နဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ မိုးပျံပူဖောင်းကြီးကို ပစ်ချဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက သမ္မတဘိုင်ဒန်က စစ်တပ်ကိုအမိန့်ပေးထားပေမဲ့ အမေရိကန်မြေပေါ်မှာ အန္တရာယ်ဖြစ်မှာစိုးတာကြောင့် စနေနေ့ကမှ ပစ်ချခဲ့တာလို့လည်း ပြောပါတယ်။ အမြင့်ပေ ၁၈,၀၀၀ ကျော်မှာရှိနေခဲ့တဲ့ ပူဖောင်းကြီးကို တိုက်လေယာဉ်က မစ်ဇိုင်းဒုံးနဲ့ပစ်ချခဲ့ရာမှာ တောင်ကယ်ရိုလိုင်းနားပြည်နယ်ကမ်းလွန်မှာ ပျက်ကျခဲ့ပြီး အပျက်အစီးအပိုင်းအစတွေဟာ ၇ မိုင်လောက် ပြန့်ကျဲသွားခဲ့တယ်လို့လည်း သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

သမုဒ္ဒရာထဲကအပျက်အစီးတွေကိုတော့ အမေရိကန်ရေတပ်သင်္ဘောတွေက လိုက်လံဆယ်ယူခဲ့ပြီး ဝါရှင်တန်မြို့တော်အနီးက အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဓာတ်ခွဲခန်းကို ပေးပို့ထားပါတယ်။ ရီပတ်ဘလစ်ကန်တွေကတော့ အမေရိကန်အနောက်မြောက်ဖျားက Alaska ပြည်နယ်၊ Aleutian ကျွန်းစုပေါ်မှာ ဇန်နဝါရီ ၂၈ ရက်နေ့က စတင်တွေ့ရှိချိန်ကတည်းကပစ်ချသင့်တယ်လို့ ပြောဆိုနေကြတာပါ။

တရုတ်အစိုးရကတော့ မိုးပျံပူဖောင်းကြီးဟာ မိုးလေဝသဆိုင်ရာ သုတေသနလေ့လာရေးအတွက်ဖြစ်ပြီး လေကြောင်းပြောင်းပြီး အမေရိကန်ပေါ်ကို ရောက်သွားတာလို့ ကာကွယ်ပြောဆိုထားပါတယ်။

တရုတ်မိုးပျံပူဖောင်းကိစ္စ အမေရိကန်မှာ နိုင်ငံရေးအရ အငြင်းပွား .mp3
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

=====================

[[Unicode]]





XS
SM
MD
LG