သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်က ကာစီနိုလောင်းကစားရုံတွေမှာ အလုပ်လုပ်မယ့် ထိုင်းအမျိုးသမီးတွေကို အစိုးရသတိပေး


ရှမ်းပြည်နယ်၊ တရုတ်မြန်မာနယ်စပ် မိုင်းလား အထူးဒေသ (၄) အတွင်းမှာရှိတဲ့ ကာစီနိုလောင်းကစားရုံတခုမြင်ကွင်း။ (ဧပြီ ၁၉ ၊ ၂၀၂၉ / AFP)
ရှမ်းပြည်နယ်၊ တရုတ်မြန်မာနယ်စပ် မိုင်းလား အထူးဒေသ (၄) အတွင်းမှာရှိတဲ့ ကာစီနိုလောင်းကစားရုံတခုမြင်ကွင်း။ (ဧပြီ ၁၉ ၊ ၂၀၂၉ / AFP)

[[Zawgyi/Unicode]]

မြန်မာနဲ့တရုတ်နယ်ခြား မြန်မာနိုင်ငံဘက်က ကာစီနို လောင်းကစားရုံတွေမှာ လစာကောင်းကောင်းပေးမယ်ဆိုပြီး ထိုင်းအမျိုးသမီးတွေကို ဧည့်ကြိုလုပ်ငန်းအတွက် အွန်လိုင်းကအလုပ်ခေါ်နေကြတာတွေအပေါ် သတိထားဖို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။

အရင်က အလုပ်သွားလုပ်တဲ့ ထိုင်းအမျိုးသမီးတချို့ တရုတ်နယ်စပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ထိန်းချုပ်ရာနယ်မြေတွေမှာ ပြည့်တန်ဆာအဖြစ် အတင်းအကြပ် ခိုင်းစေခံခဲ့ရတဲ့အကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Tanee Sangrat သတိပေးထာတကို ထိုင်း PBS သတင်းဌာနက ဖေါ်ပြပါတယ်။ ပြန်ပေးဆွဲသလို ဖမ်းဆီးထားပြီး ပြန်လာဖို့အတွက် ငွေကြေးအမြောက်အများ ပေးရတာမျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့ အရင်က အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး Tanee Sangrat သတိပေးတာပါ။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း ထိုင်းအမျိုးသမီးတွေကို လစာကောင်းကောင်းပေးမယ်ဆိုပြီး အလားတူ အွန်လိုင်းက အလုပ်ခေါ်တာတွေ ရှိနေတဲ့အကြောင်း ပြောဆိုပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံရှိ လူမှောင်ခိုကူးရာနေရာက ပြန်လာတဲ့ ထိုင်ဝမ်သား ၃ ယောက်ကို ထိုင်ဝမ်ရဲတပ်ဖွဲ့က စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို အရှေ့တောင်အာရှမှာ လူကုန်ကူးတဲ့ ရာဇဝတ်မှုဂိုဏ်းနဲ့ ချိတ်ဆက်နေတဲ့သူတွေ အဖြစ် သံသယရှိနေကြောင်း ရဲတပ်ဖွဲ့ကပြောတာကို Focus Taiwan အင်တာနက် သတင်းက ဖေါ်ပြပါတယ်။

ထိုင်းမြန်မာနယ်စပ်တနေရာ KK Park ဧရိယာဆိုတဲ့သတ်မှတ်နယ်မြေ အခြေစိုက် လူမှောင်ခိုဂိုဏ်းနဲ့ ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးတာဖြစ်ပါတယ်။သူတို့နဲ့ ဆက်နွယ်ပတ်သက်တဲ့ ရာဇဝတ်ဂိုဏ်းဟာ လူတွေကို လိင်ကျွန်အဖြစ်အဖြစ် ရောင်းတာတွေအပြင် ကိုယ်တွင်းအဂါၤတွေကိုပါ မှောင်ခို ရောင်းချနေတဲ့ အဖွဲ့ဖြစ်တယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]







XS
SM
MD
LG