သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီအခြေစိုက် ရာဇဝတ်ဂိုဏ်းနဲ့ဆက်နွယ်သူ တရုတ်နိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး


ထိုင်းမြန်မာနယ်စပ် - မဲဆောက်ဖက်ကနေ လှမ်းမြင်နေရတဲ့ မြဝတီမြို့။
ထိုင်းမြန်မာနယ်စပ် - မဲဆောက်ဖက်ကနေ လှမ်းမြင်နေရတဲ့ မြဝတီမြို့။

[[Zawgyi/Unicode]]


မြဝတီအခြေစိုက် ရာဇဝတ်ဂိုဏ်းနဲ့ဆက်နွယ်သူ တရုတ်နိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး


မြန်မာနိုင်ငံ၊ မြဝတီမြို့မှာအခြေစိုက်တဲ့ Online ကနေ လိမ်ပြီးငွေရအောင်တောင်းခိုင်းတဲ့ ရာဇဝတ်ဂိုဏ်းသားတွေထံမှာအလုပ်လုပ်ဖို့ ထိုင်းနိုင်ငံသားတွေကို ဖျားယောင်းသွေးဆောင်ခေါ်ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်ဝှေ့ကစားပွဲတွေစီစဉ်ပေးသူ တရုတ်နိုင်ငံသားတဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ် တရုတ်နိုင်ငံသား Huang Tianyong ဆိုသူဟာ ထိုင်းနိုင်ငံ၊ Pattaya မြို့မှာ Ayong ဆိုတဲ့ လက်ဝှေ့ရုံပိုင်ရှင်ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ထိုင်းနိုင်ငံသားတွေ မြဝတီမြို့မှာ အလုပ်လုပ်ဖို့ လိမ်လည်ခေါ်ဆောင်ပေးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရုတ်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံသား ၁၉ ဦးထဲက တဦးဖြစ်ပါတယ်။

“သူတို့က နယ်စပ် မဲဆောက်မြို့မှာ အလုပ်လုပ်ရမယ်ဆိုပြီး အင်တာနက်ပေါ်မှာ အလုပ်တွေ ကြေညာပါတယ်။ နောက်တော့မှာ အလုပ်လျှောက်တဲ့သူတွေကို သူတို့က မြန်မာနိုင်ငံဘက်အခြမ်း၊ မြဝတီမြို့မှာရှိတဲ့ JinXin ကုမ္ပဏီမှာ လူမှုကွန်ယက်တွေကတဆင့် အဓမ္မ လိမ်ပြီးငွေရအောင်တောင်းခိုင်းတာ၊ ဒီဂျစ်တယ် ငွေကြေးပိုင်းမှာ ရင်းနှီးမြှုပ်နှံခိုင်းတာတွေ လုပ်ခိုင်းပါတယ်” - လို့ ထိုင်းရဲတပ်ဖွဲ့က ဒုတိယ ဗိုလ်ချုပ်ကြီး Jirabhop က ပြောပါတယ်။

တနင်္ဂနွေနေ့မှာ Huang Tianyong ကို မဖမ်းဆီးခင် သူတို့ဂိုဏ်းဝင် တခြား လူ ၇ ဦးကို ဖမ်းဆီးထားပြီးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့ကိုတော့ လူမှောင်ခိုကူးမှု၊ အဓမ္မခိုင်းစေမှုတို့နဲ့ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]









XS
SM
MD
LG