သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဒေသ ၄ ခု တရားဝင်သိမ်းယူပွဲလုပ်မယ်လို့ ရုရှားကြေညာ


ယူကရိန်းနိုင်ငံ၊ Luhansk မြို့မှာ “ရုရှားနဲ့အတူ အမြဲထာဝရ” စာတန်းကို ဖတ်နေဟန် ရုရှားပြည်ထောင်စုတည်ထောင်သူ Vladimir Lenin ရဲ့ရုပ်တုကို တွေ့မြင်ရပုံ။ (စက်တင်ဘာ ၂၈၊ ၂၀၂၂)
ယူကရိန်းနိုင်ငံ၊ Luhansk မြို့မှာ “ရုရှားနဲ့အတူ အမြဲထာဝရ” စာတန်းကို ဖတ်နေဟန် ရုရှားပြည်ထောင်စုတည်ထောင်သူ Vladimir Lenin ရဲ့ရုပ်တုကို တွေ့မြင်ရပုံ။ (စက်တင်ဘာ ၂၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ရုရှားပြည်ထောင်စုထဲ ပါဝင်မလားဆိုတဲ့ ဆန္ဒခံယူပွဲကျင်းပခဲ့တဲ့ ယူကရိန်းဒေသ ၄ ခုကို ရုရှားပိုင်နက်နယ်မြေတွေအဖြစ်နဲ့ တရားဝင်ကြေညာသတ်မှတ်မယ့် အခမ်းအနားကို မနက်ဖြန် စက်တင်ဘာလ ၃၀ ရက်နေ့မှာကျင်းပမယ်လို့ ရုရှားအစိုးရက ဒီကနေ့ ကြေညာပါတယ်။

ရုရှားတို့သိမ်းပိုက်ထားတဲ့ ဒေသ ၄ ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲဟာ တရားမဝင်ဘူးလို့ ယူကရိန်းနဲ့မဟာမိတ်နိုင်ငံတွေက ပြောထားပြီး ရုရှားအပေါ် ဒဏ်ခတ် အရေးယူမှုအသစ်တွေ ချမှတ်သွားမယ်လို့ ပြောပါတယ်။

အဲဒီအခမ်းအနားကို ရုရှားသမ္မတ Vladimir Putin နဲ့အတူ ရုရှားက ရွေးချယ်ခန့်အပ်ထားတဲ့ ဆန္ဒခံယူပွဲကျင်းပခဲ့တဲ့ ဒေသ ၄ ခုက ခေါင်းဆောင် ၄ ဦးလည်း တက်ရောက်ကြမယ် လို့ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က ဒီကနေ့ သတင်းထောက်တွေကို ပြောပါတယ်။

ဂျာမနီအနေနဲ့ အဲဒီဆန္ဒခံယူပွဲရလဒ်ကို ဘယ်တော့မှ အသိအမှတ်ပြုလက်ခံမှာမဟုတ်ဘူးဆိုတာ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို ကတိပြု ပြောကြားခဲ့တယ်လို့ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz က Twitter လူမှုကွန်ယက်မှာ ဒီကနေ့ ရေးပါတယ်။

ရုရှားဟာ ယူကရိန်းပိုင် ဒီဒေသ ၄ ခုကို သူ့လက်အောက် သိမ်းသွင်းလိုတဲ့အတွက် နိုင်ငံတကာဥပဒေတွေနဲ့ ကုလသမဂ္ဂပဋိညာဉ်စာချုပ်တွေကိုချိုးဖောက်ပြီး ဒီ အတုအယောင် လူထုသဘောထားကောက်ခံမှု ပြုလုပ်ခဲ့ခြင်းသာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre ကလည်း သတင်းထောက်တွေကို မနေ့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းကို အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံ တန်ဖိုးရှိတဲ့အကူအညီတွေ ထပ်မံပေးအပ်မယ်လို့ ကြေညာပါတယ်။ လက်ရှိသမ္မတဘိုင်ဒန်အစိုးရတက်လာပြီးနောက် ယူကရိန်းကိုပေးအပ်တဲ့အကူအညီ စုစုပေါင်းဟာ ၁၇ ဘီလီယံ ရှိသွားပြီ ဖြစ်ပါတယ်။

ယူကရိန်းဒေသ ၄ ခု တရားဝင်သိမ်းယူပွဲလုပ်မယ်လို့ ရုရှားကြေညာ.mp3
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

==============

[[Unicode]]









XS
SM
MD
LG