သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး UAE ပိုလုပ်ဖို့ မလေးရှားတောင်းဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ကိုရောက်လာတဲ့ ရိုဟင်ဂျာများ။ (စက်တင်ဘာ ၂၆၊ ၂၀၁၇)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ကိုရောက်လာတဲ့ ရိုဟင်ဂျာများ။ (စက်တင်ဘာ ၂၆၊ ၂၀၁၇)

[[Zawgyi/Unicode]]

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအလှည့်ကျ ၁၅ နိုင်ငံထဲမှာ အာရပ်စော်ဘွားများပြည်ထောင်စု UAE ပါဝင်တဲ့ ကာလအတွင်း မြန်မာနိုင်ငံအရေး ပိုပြီး တက်တက်ကြွကြွ လုပ်ဆောင်ဖို့ မျှော်လင့်တဲ့အကြောင်း မလေးရှားဝန်ကြီးချုပ် Datuk Seri Ismail Sabri Yaakob က စက်တင်လာ ၂၇ ရက်၊ မနေ့က ပြောပါတယ်။

UAE လေးရက်ကြာသွားရောက်တဲ့ ခရီးစဉ်အတွင်း UAE သမ္မတ Sheikh Mohamed bin Zayed Al Nahyan နဲ့ တွေ့ဆုံအပြီး ဆွေးနွေးချက်တချို့ကို မလေးရှားဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်း လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်အဆင့်ကို အသုံးချပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေးကို ပိုပြီး ဆောင်ရွက်နိုင်တဲ့အကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအရေးနဲ့အတူ ပါလက်စတိုင်းအရေးမှာလည်း ကုလသမဂ္ဂနဲ့ အင်အားကြီးနိုင်ငံတွေ အရေးတယူဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ဝေဖန်သွားပါတယ်။

မြန်မာနိုင်ငံအပေါ် ပိုပြီး ပြင်းထန်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ အဆိုပြုချက်တွေ အထမမြောက်အောင် ကုသလမဂ္ဂ လုံခြုံရေးကောင်စီအတွင်းမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတွေက ဗီတိုအာဏာနဲ့ ပယ်ချလေ့ရှိပါတယ်။

မြန်မာနိုင်ငံအရေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဘက်က အလေးထား လုပ်ဆောင်မှုမရှိတာ၊ ကိုင်တွယ် ဆောင်ရွက်ပုံတွေဟာ ဝမ်းနည်းစရာကောင်းတဲ့အကြောင်း မလေးရှား ဝန်ကြီးချုပ် Ismail က ပြီးခဲ့တဲ့ရက်ပိုင်း ကုလသမဂ္ဂ အထွေထွေညီလာခံကို ပြောကြားတဲ့ မိန်းခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ လုံခြုံရေးကောင်စီမှာ စက်တင်ဘာလကုန်အထိ ပြင်သစ်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အောက်တိုဘာလမှာ အာဖရိကတိုက် အလယ်ပိုင်း နိုင်ငံတခုဖြစ်တဲ့ Gabon နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။

ရိုဟင်ဂျာအရေး UAE ပိုလုပ်ဖို့ မလေးရှားတောင်းဆို.mp3
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

==========

[[Unicode]]







XS
SM
MD
LG