သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကွယ်လွန်


သြဂုတ်လ ၇ ရက်နေ့က ရုတ်တရက်ကွယ်လွန်သွားသူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ
သြဂုတ်လ ၇ ရက်နေ့က ရုတ်တရက်ကွယ်လွန်သွားသူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ

[[Zawgyi/Unicode]]

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ တရုတ်အနောက်တောင်ပိုင်းက ကူမင်းမြို့မှာ တနင်္ဂနွေနေ့က ရုတ်တရက် ကွယ်လွန်သွားတယ်လို့ ဘေဂျင်းသံတမန်အသိုင်းဝိုင်းကပြောသလို စစ်ကောင်စီသတင်းမီဒီယာ နာရေးကြော်ငြာမှာပါ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ တနင်္လာနေ့ နာရေးသတင်းမှာတော့ သြဂုတ်လ ၇ ရက်နေ့မှာ ရုတ်တရက် ကွယ်လွန် ကြောင်းသာဖေါ်ပြထားပြီး ဘာကြောင့်သေဆုံးတယ်ဆိုတာကိုတော့ အတိအကျ ဖေါ်ပြမထားပါဘူး။ ဘေဂျင်းသံတမန်အသိုင်းဝိုင်းနဲ့ တရုတ်ဘာသာနဲ့ထုတ်ပြန်တဲ့ မြန်မာသတင်းတွေမှာတော့ သံအမတ်ကြီးဟာ နှလုံးရောဂါနဲ့ သေဆုံးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဦးမျိုးသန့်ဖေကို မြန်မာနဲ့ကပ်ရက် တရုတ်ပိုင်ယူနန်နယ်မှာ ဒေသတာဝန်ခံတွေနဲ့ စနေနေ့တွေ့ဆုံပွဲမှာ နောက်ဆုံးတွေ့ခဲ့တာလို့ ဒေသသတင်းတွေမှာ ဖေါ်ပြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး တရုတ်မှာရှိတဲ့ မြန်မာသံရုံးက ဘာမှ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဦးမျိုးသန့်ဖေဟာ တရုတ်ဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီးအဖြစ် ၂၀၁၉ မှာ ခန့်အပ်ခံခဲ့ရပြီး ၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်မှာလည်း ဆက်လက် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

သူဟာ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်တွေထဲမှာ လွန်ခဲ့တဲ့နှစ်ထဲမှာတင် လေးယောက်မြောက် တရုတ်နိုင်ငံတွင်း သေဆုံးရသူ ဖြစ်ပါတယ်။ အသက် ၅၄ နှစ်အရွယ် ဂျာမနီသံအမတ်ကြီး Jan Hecker ဟာ ဘေဂျင်းမှာ တာဝန်ကျပြီး သီတင်း ၂ ပတ်မပြည့်ခင် စက်တင်ဘာလတုန်းက သေဆုံးခဲ့ရသလို ဖေဖေါ်ဝါရီလတုန်းက ယူကရိန်းသံအမတ် Serhiy Kamyshev နဲ့ ဧပြီလမှာ ဖိလစ်ပိုင်သံအမတ် Jose Santiago "Chito" Sta. Romana တို့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]







XS
SM
MD
LG