တမန်တော်မိုဟာမက်ကို လှောင်ပြောင်တဲ့ ဗွီဒီယို အမေရိကန်နဲ့ မသက်ဆိုင်

Your browser doesn’t support HTML5

အစ္စလမ်ဘာသာရဲ့ တမန်တော်မိုဟာမက်ကို လှောင်ပြောင်တဲ့ အပျော်တမ်း ဗွီဒီယိုဟာ အမေရိကန်ပြည်ထောင်စုနဲ့ မသက်ဆိုင်သလို ဒီ ဗွီဒီယိုပါ အချက်အလက်တွေကိုလည်း လက်မခံနိုင်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောလိုက်ပါတယ်။ သမ္မတအိုဘားမားကတော့ အမေရိကန်ပြည်ထောင်စုဟာ ဘာသာပေါင်းစုံ စုပေါင်း နေထိုင်တဲ့နိုင်ငံဖြစ်ပြီး တခြား ကိုးကွယ်ရာဘာသာတွေရဲ့ တန်ဖိုးထားမှုတွေအပေါ် အမြဲတစေ လေးစားလိုက်နာတဲ့နိုင်ငံ ဖြစ်တဲ့ အကြောင်းပြောဆိုပြီး အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချလိုက်ပါတယ်။