နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများနဲ့ မြန်မာ

မြန်မာငွေစကက္ကူများ။

အောက်တိုဘာ ၂၇၊ ၂၀၁၂။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ကမ္ဘာဘဏ် စတဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ ရှေ့နှစ်ကစပြီး မြန်မာနိုင်ငံကို ငွေချေးငှားနိုင်ဖို့ ဆိုင်းပြင်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လိုအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်ဆောင်ရွက်စရာတွေရှိပါတယ်။ ဒီနေရာမှာ ဘာတွေ အခက်အခဲတွေ ကြုံနိုင်ပါသလဲ၊ မြန်မာနိုင်ငံဖက်က ဘာတွေ စဉ်းစားပြင်ဆင်သင့်ပါသလဲ။ ဒီအကြောင်း စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ဗဟုဖွံဖြိုးရေးအဖွဲ့က ဦးအောင်သူငြိမ်းနဲ့ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဒေါက်တာခင်ဇော်ဝင်းတို့က အဓိက ဆွေးနွေးထားပါတယ်။