အာဆီယံအစည်းအဝေးနဲ့ သမ္မတအိုဘားမား

Your browser doesn’t support HTML5

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ ထိပ်သီးအစည်း အဝေးကို နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လကကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံအကြား နယ်မြေပိုင်ဆိုင် မှုဆိုင်ရာ အငြင်းပွားနေတဲ့ကိစ္စကြောင့် သိပ်ကြီး မအောင်မြင်လှခဲ့ ပါဘူး။ အခုထိပ်သီးအစည်းအဝေးမှာတော့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားကိုယ်တိုင် သမိုင်းဝင်ခရီးစဉ်တခု နဲ့ ရောက်လာ မှာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Daniel Schearf ဘန်ကောက်မြို့ကနေ ပေးပို့ထားတဲ့သတင်းဆောင်းပါး ကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။