ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယရင်းနှီးမြှုပ်နှံမှု

Your browser doesn’t support HTML5

သယံဇာတပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေကို ကြာသပတေးနေ့မှာ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ သီတင်းတပတ်နီးပါးကြာ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း စွမ်းအင်နဲ့ နည်းပညာသိပ္ပံ TERI ဆီ သွားရောက် ကြည့်ရှုချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ လုပ်ဖို့လိုနေသေးတဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေကိုလည်း ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းဌာနရဲ့ ရုပ်သံ သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂီထိုက်က တင်ပြထားပါတယ်။