ဗြိတိန်ကုန်သွယ်ရေးအဖွဲ့ ရဲ့ မြန်မာပြည်ခရီး
Your browser doesn’t support HTML5
မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဟာ လူ့အခွင့်အရေး ကို လေးစားလိုက်နာဖို့အပြင်၊ မြန်မာလူ့အဖွဲ့အစည်းအတွက်ပါ တာဝန်သိတဲ့ စိတ်ထားကြဖို့ မြန်မာနိုင်ငံရောက်နေတဲ့ ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Hugo Swire က တိုက်တွန်းလိုက် ပါတယ်။ ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ဗြိတိသျှနိုင်ငံ က စီးပွားရေးလုပ်ငန်းရှင်တွေ ကုန်သည်တွေလည်း အတူပါလာကြတာပါ။ ဗြိတိသျှ ဒုနိုင်ငံခြားရေးဝန်ကြီးရဲ့ မနေ့က သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ဆက်ပေးပါလိမ့်မယ်။