လန်ဒန်မြို့ ခရစ္စမတ် နဲ့ Oxford လမ်းမ ယာဉ်အန္တရာယ် ကင်းရှင်းရေး
Your browser doesn’t support HTML5
ခရစ္စမတ်ပွဲတော် အချိန်အခါလည်း နီးကပ်လာပြီဖြစ်တာကြောင့် လန်ဒန်မြို့ရဲ့ လမ်းမတွေပေါ်မှာ ဈေးဝယ်သူတွေ နဲ့ ပြည့်နှက်စည် ကားနေပါတယ်။ ဥရောပတိုက် တခုလုံးမှာ နာမည်ကျော်တဲ့ လမ်းမတွေထဲက တခုကို ပြပါဆိုရင်တော့ လန်ဒန်မြို့ က
အောက်စ်ဖို့ဒ် လမ်းကိုပြရမှာပါ။ ဒါပေမယ့် များပြား လှတဲ့ ကားတွေ နဲ့ လူတွေအခုလို ရောရောယှက်ယှက်သွားလာ နေကြ တာက လန်ဒန်မြို့လိုနေရာမျိုးမှာ တော်တော်လေးကို အန္တရာယ် ကြီးသလို၊ မြို့ထဲမှာ နှစ်ထပ်ကားတွေပြေးနေတာကို မြို့ခံတွေက ရပ်ပစ်ချင်နေကြတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Henry Ridgwell သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။