အမေရိကန်သံရုံးများ လုံခြုံရေးတိုးမြှင့်

Your browser doesn’t support HTML5

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က အမေရိကန်သံရုံးတွေ၊ ကောင်စစ်ဝန်ချုပ်ရုံးတွေနဲ့ အဖွဲ့ရုံးတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ချထားသွားမယ်လို့ ကတိပေးလိုက်ပါတယ်။ လစ်ဗျားနိုင်ငံမှာ အမေရိကန် သံအမတ်ကြီး Christopher Stevens သေဆုံးခဲ့ရတဲ့အထိ တိုက်ခံခဲ့ရမှုဟာ စံနစ်တကျ လုံခြုံရေးတာဝန်ယူမှု ပျက်ကွက်ခဲ့တာကြောင့်လို့ ဘန်ဂါဇီအကြမ်းဖက်တိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ကဝေဖန်ခဲ့အပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အခုလို ကတိပေးလိုက်တာပါ။ ဗွီအိုအေသတင်းထောက် Jerome Socolovsky ကသတင်းပေးပို့ထားတာကို မေစန္ဒီက ပြောပြပါလိမ့်မယ်။