ဗွီဒီယိုဂိမ်းနှင့် အကြမ်းဖက်မှု
Your browser doesn’t support HTML5
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်အတွင်း ဗီဒီယိုဂိမ်းနဲ့
သူ့အစိတ်အပိုင်းတွေအတွက် ကမ္ဘာတဝှမ်းမှာရှိတဲ့ လူတွေဟာ ဒေါ်လာ သန်း၇၀နီးပါး အကုန်အကျခံတယ်လို့
လေ့လာသူတွေက ခန့်မှန်းလိုက်ပါတယ်။ ဗီဒီယိုဂိမ်းတွေဟာ
အမေရိက၊ ဥရောပနဲ့ အရှေ့အာရှနိုင်ငံတွေမှာ
အဓိကဈေးကွက်မှာရှိနေဆဲဖြစ်ပေမဲ့ အိန္ဒိယ၊ ဘရာဇီး၊ ရရှား နဲ့
အရှေ့တောင်အာရှနိုင်ငံမှာလည်းအခုအခါမှာဈေးကွက်ပေါ်ကိုရောက်လာပြီဖြစ်ပါတယ်။ဗီဒီယိုဂိမ်းရုပ်ပုံတွေဟာလည်း
တဖြည်းဖြည်းနဲ့တကယ့်အစစ်တွေနဲ့အလားတူဖြစ်လာတာကြောင့်
အပြင်မှာဖြစ်တဲ့အကြမ်းဖက်မှုတွေဟာဗီဒီယိုဂိမ်းထဲကလိုမျိုး
ပုံတူကူးချထားသလားဆိုတာ ဗွီအိုအေ သတင်းထောက်
Suzanne Presto ရဲ့လေ့လာချက်ကို မေစန္ဒီကတင်ပြပါလိမ့်မယ်။