အမေရိကန်ရောက် မြန်မာ ဘတ်စကတ်ဘောအသင်း

Your browser doesn’t support HTML5

အမေရိကန် နဲ့ မြန်မာ ၂ နိုင်ငံကြား ဘတ်စကတ်ဘော ဖလှယ်ရေး အစီအစဉ်နဲ့ ရောက်လာတဲ့ မြန်မာလူငယ်ဘတ်စကတ်ဘောအဖွဲ့ ဟာ သူတို့ရဲ့ အစီအစဉ်တွေကို ဝါရှင်တန်ဒီစီမြို့တော်မှာ အခုတ ပတ် စတင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အမေရိကန် အမျိုးသား ဘတ်စကတ်ဘောအသင်း NBA က တာဝန်ရှိသူ တချို့ မြန်မာနိုင်ငံကိုလာပြီးတဲ့နောက်ပိုင်း Sports United လို့ခေါ်တဲ့ ဒီ အစီအစဉ်ဖြစ်လာခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံအနာဂတ် အတွက် အားထားရမယ့် လူငယ်တွေကို အားကစားပိုင်းမှာရော ၊ တခြားအပိုင်းတွေမှာ ပါ လေ့လာနိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။