ရှေ့နေများကွန်ရက်နဲ့ တွေ့ဆုံမေးမြန်းခန်း

Your browser doesn’t support HTML5

ပြည်သူ့ဆန္ဒမပါဘဲအတည်ပြုပြဌာန်းခဲ့တဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ထင်သလောက်ခရီးမပေါက်ဖြစ်နေရတယ်လို့ ရှေ့နေများကွန်ရက်က သုံးသပ်လိုက်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အရည်အချင်းရှိတဲ့လူတွေ လူမှန်နေရာမှန်နဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုး မသယ်ပိုးနိုင်တဲ့ခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။ ဒါ့ကြောင့် ပြောင်းလဲနေတဲ့စံနစ်နဲ့အတူ ခေတ်နဲ့အညီ လိုက်လျောညီထွေမှုရှိအောင် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်နိုင်မည့် အချက်တွေနဲ့နည်းလမ်းတွေကို ရှေ့နေများကွန်ရက်က ရေးသားပြုစုထားပြီး မကြာမီ စာအုပ်ထုတ်ဝေဖို့ရှိပါတယ်။ ဒီစာအုပ်ကို ရေးသားပြုစုနေတဲ့ ရှေ့နေများကွန်ရက်က ရှေ့နေကြီး ဦးကိုနီကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။