အမေရိကန်အမျိုးသမီးများ စစ်တိုက်ခွင့်ရ
Your browser doesn’t support HTML5
အမေရိကန်စစ်တပ်အတွင်း အခြေခံပြောင်းလဲမှုတရပ်အဖြစ်၊ တိုက်ပွဲဝင်တပ်ဖွဲ့မှာ အမျိုးသမီးစစ်သည်တွေ ပါဝင်တိုက်ခိုက်ခွင့်၊ တားမြစ်ထားတာကို ရုပ်သိမ်းလိုက်ပါတယ်။ မကြာခင်မှာပဲ တာဝန် ကနေ အနားယူတော့မယ့် အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panneta က အခုလိုရုပ်သိမ်းကြောင်း ကြေငြာခဲ့တာပါ။ လာမယ့် မေလ ၁၅ ရက်နေ့ကနေ စပြီး အမေရိကန် ကြည်းတပ် နဲ့ မရိန်းတပ်တွေထဲမှာ အလုပ်အကိုင်အများစုကို အမျိုးသမီးတွေအ တွက်ဖွင့် ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Jeff Swicord သတင်းပေးပို့ထားတာကို မခွာညို က ပြောပြပေးမှာပါ။