ရင်းနှီးမြုတ်နှံမှုဥပဒေသစ်အပေါ် သုံးသပ်ချက်

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ဟာ အရင်စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်၊ ခရိုနီတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးတယ်လို့ မဆိုလိုပေမဲ့ ခရိုနီတွေရဲ့ သဘောထားတွေကိုတော့ ထည့်သွင်း စဉ်းစားထားတဲ့ ဥပဒေဖြစ်တယ်ဆိုပြီး စီးပွားရေး သုသေသီ တဦးဖြစ်တဲ့ ဆရာအောင်ချိန်ဘွားက သုံးသပ်ပါတယ်။ ဆရာအောင်ချိန်ဘွားဟာ "မြန်မာ့စားသုံးမှုဓလေ့နှင့်စားသုံးဆီ" ဆိုတဲ့စာအုပ်နဲ့ ၂၀၀၀ ပြည့်နှစ်က အမျိုးသားစာပေဆုရရှိခဲ့သလို စီးပွားရေးဆောင်းပါးပေါင်း ၁၆၀၀ ကျော် နိုင်ငံရေးနဲ့ စီးပွားရေးရာ စာအုပ် ၂၈ အုပ် ရေးသားခဲ့သူဖြစ်ပါတယ်။ စစ်အစိုးရလက်ထက် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ပပို့ကုန်သွင်းကုန်ဌာနမှာ အရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ် မြန်မာ့နိုင်ငံခြားရင်နှီးမြှုပ်နှံမှုဥပဒေကိုလည်း ကိုယ်တိုင် ပါဝင် မူကြမ်းပြုစုရခဲ့သူ လည်းဖြစ်ပါတယ်။ ဆရာအောင်ချိန်ဘွားကို ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။