အစိုးရအသုံးစရိတ်လိုငွေ မဖြစ်မနေလျော့ချရေး

Your browser doesn’t support HTML5

အမေရိကန်အစိုးရနဲ့ လွှတ်တော်အကြား ဘဏ္ဍာရေး အသုံးစရိတ်ဆိုင်ရာ သဘောတူညီချက် ညှိ့နိုင်းလို့ မရတော့ဘူးဆိုရင် လာမယ့် သောကြာနေ့က စပြီး အသုံးစရိတ် မဖြစ်မနေ ဖြတ်တောက်ရမယ့် အစီအစဉ်တွေ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီလို အသုံးစရိတ်တွေ ဖြတ်တောက်မယ်ဆိုရင် စီးပွားရေးအပေါ် ထိခိုက်နိုင်တယ်ဆိုပြီး သတိပေးပြောဆိုနေပေမယ့် ဒီမိုကရက် အထက်လွှတ်တော်တွေရဲ့ အဆိုပြုချက်တွေကို ရီပတ်ဗလစ်ကန်တွေဘက်က သဘောမတူကြသေးပါဘူး။ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။