နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပွင့်လင်းမြင်သာမှု

ရန်ကုန်မြို့လည်ခေါင် ဆူးလေဘုရားနှင့် ပတ်ဝန်းကျင်မြင်ကွင်း။ ဧပြီ ၂၆၊ ၂၀၁၂။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့ကိစ္စဟာ အရေးအကြီးဆုံးပဲလို့ မြန်မာစီးပွားရေး ပညာရှင်တစ်ဦးက ပြောပါတယ်။
အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ အားပေးနိုင်တယ်လို့လည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအသီးသီးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို လိုအပ်နေတာဖြစ်ပြီး အခြေခံအဆောက်အအုံပိုင်း တည်ဆောက်ရေး အဓိကကျတယ်လို့ သုံးသပ်တာမျိုး လည်းရှိပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုကျော်ကျော်သိန်းက တင်ဆက်ထား ပါတယ်။