လူကုန်ကူးမှု တရုတ်တိုးမြှင့်တိုက်ဖျက်
Your browser doesn’t support HTML5
တရုတ်နိုင်ငံမှာ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနရဲ့ မကြာသေးခင်ကမှ
လုပ်ဆောင်လိုက်တဲ့ လူမှောင်ခိုမှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေး ကနေ
လူမှောင်ခိုသမား ၃၀၀ ကျော်ကိုဖမ်းမိခဲ့သလို ကလေးငယ်ပေါင်း ၆၀ ကျော်ကို
ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်အတွင်း
လူမှောင်ခိုကူးမှုအပေါ်ဖြိုခွဲမှုတွေထဲမှာ အကြီးမားဆုံးတခုလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံတဝန်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်
ပြည့်သူ့လုံခြုံရေးဝန်ကြီးဌာနက တိုးမြှင့်ဆောင်ရွက်နေတဲ့အကြောင်း
အပြည့်အစုံကိုတော့ AP သတင်းပေါ်အခြေခံပြီး ဒေါ်ခင်မျိုးသက်က ဆက်ပြီး
ပြောပြပါမယ်