ဘဏ္ဍာရေးဖြတ်တောက်မှု နဲ့ ရိုက်ခတ်မှု

Your browser doesn’t support HTML5

အမေရိကန်အစိုးရရဲ့ ဒေါ်လာ ၈၅ ဘီလီယံအသုံးစရိတ်ဖြတ် တောက် မှုဟာ ဒီလအစောပိုင်းကစပြီး အကျုံးဝင်လာခဲ့ပါတယ်။ Sequester လို့ခေါ်တဲ့ ဒီ အလိုအလျောက် အသုံးစရိတ် ဘတ်ဂျက်ဖြတ်တောက်မှုက အမေရိကန်ပြည်ထောင်စု အစိုးရဌာနအားလုံးနီးပါးကို ရိုက်ခတ်သွားတာဖြစ်ပြီး၊ အဲဒီဌာနတွေက ဝန်ထမ်းအတော်များများလည်း လာမယ့် ဧပြီလ ၁ ရက်နေ့ကနေ စပြီး လစာမဲ့၊ အနားပေးခံရတော့မှာပါ။ ဒီအခြေအနေက လေကြောင်းခရီးသွားလာရေးအပြင်၊ လေယာဉ်ပြုပြင်ထိန်းသိမ်းရေး နဲ့ တည် ဆောက်ရေးလုပ်ငန်းတွေကိုပါ ထိခိုက်မှာဖြစ်ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Chris Simkins သတင်းပေးပို့ထားတာကို ကိုအောင်အောင် က ပြောပြပေးမှာပါ။