တရုတ်-အမေရိကန် Cyber တိုက်ခိုက်မှု
Your browser doesn’t support HTML5
တရုတ်သမ္မတသစ်ဟာ အမေရိကန် သမ္မတ အိုဘားမားရဲ့ အထူး ကိုယ်စားလှယ်ဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး Jecob Lwe အပါအဝင် အမေရိကန်အရာရှိတွေနဲ့ ဒီသတင်းပတ်ထဲမှာ ပထမဆုံး အကြိမ် တွေ့ဆုံပါတယ်။ အမေရိကန်ပြည်ထောင်စုကို အင်တာနက်ကတဆင့် ထိုးစစ်ဆင်တဲ့ Cyber တိုက်ခိုက်မှုတွေမှာ တရုတ်နိုင်ငံ နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေတဲ့ စွပ်စွဲပြောဆိုချက်တွေ ရှိခဲ့တာကြောင့် ဒီကိစ္စဟာ နှစ်နိုင်ငံအကြား အလေးထား ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ပါဝင်ပါတယ်။ ဗွီအိုအေသတင်းထောက် Jeff Seldin သတင်းကို မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။