မြန်မာနဲ့ နိုင်ငံတကာကုန်သွယ်ရေး

Your browser doesn’t support HTML5

၁၉၈၇ ခုနှစ်က ဒေသတွင်းနိုင်ငံတွေပူးပေါင်းဖွဲ့စည်းထားတဲ့ Asia Trade Promotion Forum ATPF အာရှကုန်သွယ်ရေးမြှင့်တင်မှုအဖွဲ့က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ အဖွဲ့ဝင်အဖြစ် မတ်လ ၉ ရက်နေ့က သတ်မှတ် လိုက်တဲ့အတွက်၊ နိုင်ငံတကာနဲ့ ကုန်သွယ်ရာမှာ သတင်းအချက်အလက်တွေ ဖလှယ်နိုင်ကြတော့မှာဖြစ်တယ်လို့ မြန်မာနိုငံ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာနဲ့ကုန်သွယ်ရေးမှာ အထောက်အကူဖြစ်စေဖို့ မြန်မာစီးပွားရေးသံမှူးတွေ ခန့်အပ်ပြီး နိုင်ငံခြားကမြန်မာသံရုံးတွေမှာ ပူးတွဲ တာဝန် ထမ်းဆောင်နိုင်ရေး စီစဉ်နေကြောင်းနဲ့ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောပါတယ်။ ဦးတင့်သွင်ကို ဒေါ်ခင်စိုးဝင်းက ရန်ကုန်မြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။