မိထ္ထီလာအခြေအနေ စိုးရိမ်နေရဆဲ
Your browser doesn’t support HTML5
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ လူသေဆုံးထိခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ အရေအတွက်ဟာ ၄၀ အထိ ရှိခဲ့ပြီး အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်တဲ့အကြောင်း အစိုးရက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း မြို့ခံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ သွေးထွက်သံယို ပဋိပက္ခတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေကြဆဲပါ။ မိတ္ထီလာမြို့က နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။