မြောက်ကိုရီးယား ခြိမ်းခြောက်မှု

Your browser doesn’t support HTML5

မြောက်ကိုရီးယားဒုံးကျည်တွေဟာ အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီကျွန်းစုမှာရှိတဲ့ ဂူအမ်ကျွန်း နဲ့ အမေရိကန် ပြည်မကြီး အထိ ရောက်အောင်ပစ်နိုင်တယ်ဆိုပြီး မြောက်ကိုရီးယားက အမေရိကန် ပြည်ထောင်စုကို ခြိမ်းခြောက်လိုက်ပါတယ်။ မြောက် ကိုရီးယားနိုင်ငံအနေနဲ့သူ့ရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ရေး အစီအစဉ်ကို စွန့်လွှတ်ဖို့ နဲ့ တောင်ကိုရီးယားနိုင်ငံအပေါ် ရန်စနေ တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ တောင်ကိုရီးယားသမ္မတ က ပြောလိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ အခုလိုမြောက်ကိုရီးယား က ခြိမ်းချောက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Jeff Custer ပေးပို့ထားတဲ့ သတင်းကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။