အမေရိကန် လူဝင်မှုကြီးကြပ်ရေး အပြောင်းအလဲ

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စုမှာ မဲပေးခွင့်ရှိသူ လူနည်းစုတွေရဲ့ အင်အား တိုးလာနေတာက အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးမှာ အလှည့်အပြောင်း တွေဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချနေထိုင်ကြတဲ့ စပိန်စကားပြော လက်တင်အမေရိ ကန်အနွယ်တွေကြောင့် အခုလိုအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တာပါ။ အမေရိကန်ကွန်ဂရက်လွှတ်တော်ထဲမှာတော့ အခုအခါ နိုင်ငံတော် အဆင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ရီပက်ဘလစ်ကန် နဲ့ ဒီမိုကရက်ပါတီနှစ်ရပ်လုံးကပါ သဘောတူကြ ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။