ကမ္ဘာ့ဘဏ်နဲ့ ဆင်းရဲမှုတိုက်ဖျက်ရေး

Your browser doesn’t support HTML5

ကမ္ဘာတဝှမ်း ဖြစ်ပေါ်နေတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် လူ့သမိုင်းမှာ ပထမဆုံးအကြိမ် လုပ်ဆောင်နိုင်တော့မယ်လို့ ကမ္ဘာ့ဘဏ်အကြီးအကဲက ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာတဝှမ်း အစိုးရတွေအနေနဲ့ ၂၀၃၀ ခုနှစ်ကို နောက်ဆုံးထားပြီး ဆင်းရဲမွဲတေမှု အဆုံးသတ်ရေး ကိစ္စကို ထိတ်တန်းဦးစားပေးအဖြစ် သဘောထား လုပ်ဆောင်စေချင်တဲအ့ကြောင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ကမ္ဘာဘဏ်အကြီးအကဲ Jim Yong Kim က ပြောဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် Jim Randle ပေးပို့ထားတဲ သတင်းကို မနန္ဒာချမ်းက ပြောပြပါလိမ့်မယ်။