John Kerry အာရှခရီး မြောက်ကိုရီးယား အရေး

Your browser doesn’t support HTML5

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ အခုသီတင်းပတ် နှောင်းပိုင်း အာရှတိုက်ကို သွားရောက်ဖို့ ရှိပါတယ်။ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်ရန်စတဲ့ လုပ်ရပ်တွေကို ရပ်ဆိုင်းပြီး ဆွေးနွေး ညှိ့နိုင်းလာဖို့အတွက် တွန်းအားပေးမယ့် ခရီးစဉ်တခုအဖြစ် လေ့လာသူတွေက သတ်မှတ်ထားပါတယ်။ ဒီခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်တို့ထံက ဘာတွေကို မျှော်လင့်ထားသလဲဆိုတာနဲ့ ပတ်သက်လို့ ဗွီအိုအေ နိုင်ငံခြားရေးဌာနသတင်းထောက် Scott Sterns က သတင်းပေးပို့ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးပါမယ်။