သတိပြုဖွယ် ခရမ်းလွန်ရောင်ခြည်အန္တရာယ်
Your browser doesn’t support HTML5
အခု နွေရာသီကာလအတွင်း မြန်မာနိုင်ငံမှာ ခရမ်းရောင်လွန်ရောင်ခြည်ဟာ စိုးရိမ်ရတဲ့အဆင့်မှာ ရောက်နေတယ်လို့ မိုးလေဝသပညာရှင်တစ်ဦးက ပြောပါတယ်။ အခုအချိန်ကလည်း မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ ဖြစ်တဲ့အတွက် နေပူပူအောက်မှာ ပွဲတော်ကို နွှဲပျော်ကြမယ့် သူတွေအနေနဲ့ ခရမ်းလွန်ရောင်ခြည်သင့်တဲ့ဒဏ် အနည်းဆုံး ဖြစ်အောင်ကြိုးစားဖို့လည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်ကပြောပါတယ်။ ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပြု လိုက်နာဖွယ်ရာတွေနဲ့ ပတ်သက်ပြီး ဦးထွန်းလွင်ရဲ့ အကြံပြုချက်တွေနဲ့အတူ မမေစန္ဒီက တင်ပြထားပါတယ်။