အမျိုးသမီးလှုပ်ရှားမှု နှစ်ငါးဆယ်
Your browser doesn’t support HTML5
လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက စာရေးဆရာမ Betty Friedan ရေးခဲ့တဲ့ စာအုပ် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအကြောင်း စာအုပ် တစ်အုပ်ကြောင့် တစ်နိုင်ငံလုံးမှာ ဆွေးနွေးပြောဆို တာတွေ ဖြစ်စေခဲ့ပြီး အိမ်မှာရော လုပ်ငန်းခွင်မှာပါ အမျိုးသမီးတွေကို အားပေးဖို့ဆိုတဲ့ လှုပ်ရှားမှုတစ်ခု စတင်ခဲ့ပါတယ်။ The Feminine Mystique ဆိုတဲ့ စာအုပ်ဟာ နှစ်ငါးဆယ်အတွင်း အုပ်ရေ သုံးသန်းကျော် ရောင်းခဲ့ရပြီး သန်းပေါင်းများစွာသော အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ တွန်း အားဖြစ်စေခဲ့ပါတယ်။ နှစ်ငါးဆယ်ကြာပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းမှာ အမျိုးသမီးဝါဒ အရေးပါ နေရာ ရနေတဲ့အခြေအနေ ဘယ်လိုရှိနေသလည်း ဆိုတာကို ဗွီအိုအေသတင်းထောက် Faiza Elmasry က စူးစမ်းထားပါတယ်။ မမေစန္ဒီက အပြည့်အစုံ ပြောပြပါမယ်။