မြန်မာ့ပညာရေးအတွက် ဂျပန်ကူညီမည်

Your browser doesn’t support HTML5

မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးဖို့ ဂျပန်အစိုးရက ကတိပေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ နှစ်ပေါင်း ၃၀ နီးပါးမှာ ပထမဆုံးအကြိမ် သွားခဲ့တဲ့ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံက အကူအညီတွေ၊ ရင်းနှီးမြုပ်နှံမှုတွေဟာ လူထုအကျိုးပြုတာမျိုး ဖြစ်စေချင်တဲ့ သဘောထားတွေကို ပြောဆိုခဲ့တာပါ။ ခရီးစဉ်အဆုံးမသတ်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းကိုတော့ ကိုအောင်လွင်ဦး က စုံစမ်းထားသမျှ ပြောပြပေးမှာ ဖြစ်ပါတယ်။