3-D နယ်ပယ်ချဲ့ ထွင်သူများ
Your browser doesn’t support HTML5
ရုပ်ရှင်ကနေ ကွန်ပျူတာကစားနည်းတွေအထိ ကြည့်ရှုကြ၊ ကစားသူတွေဟာ သရီးဒီ လို့ ခေါ်တဲ့ သုံးဘက်မြင် ရုပ်လုံးကြွ ပုံရိပ်တွေ အပါအဝင် ကွန်ပျူတာနဲ့ ထုတ်လုပ်တဲ့ ဗွီဒီယိုတွေကို ပိုပြီး နှစ်သက်လာကြပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာ ဒီပညာရပ်ကို အဆင့်မြှင့်ဖို့ ကြိုးစားနေတဲ့ အဖွဲ့တဖွဲ့ရှိပါတယ်။ သူတို့က သရီးဒီ နည်းပညာကို ဖြော်ဖြေရေးနယ်ပယ်ကနေ စီးပွားရေးနဲ့ ပညာရေးနယ်ပယ်ဆီအထိ ဆွဲခေါ် မိတ်ဆက် ပေးဖို့ ကြိုးစားနေကြပါတယ်။ ဒီအကြောင်းကိုတော့ Elizabeth Lee က ဗွီအိုအေအတွက် သတင်းပေးပို့ထားတာကိုတော့ မခွာညိုက ပြောပြပေးပါမယ်။