ဥတုပြောင်းလဲမှုနဲ့ သဘာ၀၀န်းကျင်
Your browser doesn’t support HTML5
သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ရာသီဥတု လျင်လျင်မြန်မြန် ပြောင်းလဲတာကို ထိန်းချုပ်ဖို့ ပြောဆိုတဲ့အခါမှာ လေနဲ့ ရေ အကြောင်း အဓိက ပြောဆိုကြပါတယ်။ မကြာသေးခင် သတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ သဘာ၀ ပါတ်ဝန်းကျင်ဆိုင်ရာ ထူးချွန်ဆု တခုဖြစ်တဲ့ Tyler ဆုကို လက်ခံရယူကြတဲ့သူတွေကတော့ ကမ္ဘာမြေကို မှီခိုပြီး အသက်ရှင်နေထိုင်ကြတဲ့ သေးငယ်တဲ့ သက်ရှိ သတ္တဝါလေးတွေကိုလည်း အာရုံစိုက်ဖို့ လိုမယ်လို့ ပြောဆိုကြပါတယ်။ VOA သတင်းထောက် Faith Lapidus ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။