သမ္မတအဖြစ် သရုပ်ဆောင်သူ
Your browser doesn’t support HTML5
တချို့နိုင်ငံတွေမှာ နိုင်ငံခေါင်းဆောင်တွေကို နောက်ပြောင်တယ်ဆိုရင် ထောင်ချခံရနိုင်တဲ့အထိ ပြစ်မှု ကြီးသွားနိုင်ပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့နေရာ တွေမှာ အများပြည်သူ ပိုင်နေ ရာတွေ နဲ့ ရုပ်မြင်သံကြားတွေကနေ နိုင်ငံရေးခေါင်းဆောင်တွေ ကို နောက်ပြောင်ပြီး ဟာသလုပ်ကြတာတွေကို တွေ့နိုင်ပါတယ်။ ဝါရှင်တန် ဒီစီတဝိုက်မှာ သမ္မတ အိုဘားမားနဲ့ တော်တော်လေး ပုံစံတူတဲ့ လူတယောက်က အစည်းအဝေးပွဲတွေ နဲ့ တခြားပွဲတွေ မှာ သမ္မတ အိုဘားမားရဲ့ ဟန်ပန်အတိုင်း မိန့်ခွန်း ပြောပြီး လူထုကို ဖျော်ဖြေနေတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်း
ထောက် Deborah Block သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။