တောင်တရုတ်ပင်လယ်အရေး အာဆီယံ ရပ်တည်ချက်
Your browser doesn’t support HTML5
တောင်တရုတ်ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုတွေမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) မူနဲ့ တသားတည်း ရပ်တည်သွားမှာ ဖြစ်တဲ့အကြောင်း ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးအတွင်း သမ္မတဦးသိန်းစိန် ကပြောလိုက်ပါတယ်။ ဒါဟာဆိုရင် တရုတ်နိုင်ငံနဲ့ အာဆီယံ အသင်းဝင် နိုင်ငံတချို့ကြား မပြေမလည်ဖြစ်နေရတဲ့ ကိစ္စမှာ မြန်မာအစိုးရက သူ့ရဲ့ရပ်တည်ချက်ကို သိသိသာသာ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာ ဖြစ်ပါတယ်။