အာဖဂန် အနာဂတ် လုံခြုံရေး
Your browser doesn’t support HTML5
အာဖဂန်နစ္စတန်နိုင်ငံ မှာ နောက်နှစ်ကုန်မတိုင်ခင် နိုင်ငံတကာ တပ်တွေဆုတ်ခွာသွားတဲ့အခါမှာ အာဖဂန် အစိုးရ နဲ့ လုံခြုံရေးတပ်တွေအနေနဲ့ သူတို့နိုင်ငံရဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့နဲ့ တိုင်းပြည်ကို အကြမ်းဖက်သူတွေရဲ့ ရန်ကနေ ကာကွယ်နိုင်မှာဖြစ်တယ်လို့ နေတိုးတပ်ဖွဲ့ရဲ့ အကြီးတန်းအရာရှိတွေက အကောင်မြင်မျှော်လင့်ထားပါတယ်။ တချိန်တည်းမှာ အခက်အခဲတွေ ရှိနိုင်တဲ့အတွက် သတိထားပြီး အကောင်းမြင် မျှော်လင့်ထားတာ ဖြစ်ပါတယ်။ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး James Stavridis ကို ဗွီအိုအေသတင်းထောက် Al Pessin မေးမြန်းထားတာကို မမေစန္ဒီကပြောပြမှာဖြစ်ပါတယ်။