အမေရိကန်-တောင်ကိုရီးယား ဆက်ဆံရေး
Your browser doesn’t support HTML5
တောင်ကိုရီးယား သမ္မတ Park Geun-hye ဟာ အမေရိကန် သမ္မတ အိုဘားမား နဲ့ လာမယ့်အပတ်ထဲ၊ ဝါရှင်တန်ဒီစီမှာတွေ့ဆုံဖို့ရှိပါတယ်။ ဒီလိုတွေ့ဆုံရာမှာ မြောက်ကိုရီး ယားနိုင်ငံရဲ့ နျူကလီးယားအရေးနဲ့ ပက်သက်ပြီး အဓိကထား ဆွေးနွေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ အမေရိကန် နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေ အနေနဲ့ နှစ်နိုင်ငံ စစ်ရေးအရ ပိုပြီးနီးနီးကပ်ကပ်ဆက်ဆံရေး ဆွေးနွေးကြ မယ့်အချိန် မှာ ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးတွေတိုး တက်ကောင်း မွန်လာဖို့ တရုတ်ရဲ့ အခန်းကဏ္ဍ ကလည်း အဓိကကျတယ်လို့ အမေရိကန်အရာရှိတွေဘက်ကလည်း ယုံကြည်ထားကြတာပါ။ ဒီအကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနဆိုင်ရာ ဗွီအိုအေ သတင်းထောက် Scott Sterns သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က ပြောပြပေးမှာပါ။