မြန်မာအပေါ် ပိတ်ဆို့မှုဆိုင်ရာ အထူးကြေညာချက်
Your browser doesn’t support HTML5
မြန်မာနိုင်ငံအတွင်းက အမေရိကန် ရင်းနှီးမြုတ်နှံမှုအသစ်တွေကို တားမြစ်ရေး ၁၉၉၇ ခုနှစ်က ပြဌာန်းခဲ့တဲ့ အမေရိကန် အမျိုးသား အရေးပေါ် အက်ဥပဒေကို သမ္မတအိုဘားမားက သက်တမ်းတိုးဖို့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကို အကြောင်းကြားလိုက်ပါတယ်။ ၁၉၉၆ ခုနှစ်က ပြဌာန်းထားတဲ့ မြန်မာနိုင်ငံသားတချို့အပေါ် ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ ဥပဒေကိုတော့ ဖျက်သိမ်းလိုက်ပါတယ်။