ပါကစ္စတန် ရွေးကောက်ပွဲ
Your browser doesn’t support HTML5
ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း နာဝစ်ဖ် ရှာရစ်ဖ် (Nawaz Sharif) တကျော့ပြန် အာဏာရမယ့် အလားအလာတွေ ပေါ်ထွက်နေချိန်မှာပဲ ရွေးကောက်ပွဲမှာ မမှန်မကန် လုပ်ရပ်တွေ ရှိနေတယ်ဆိုပြီး စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။ အစွန်းရောက်တွေရဲ့ ခြိမ်းချောက်မှုတွေအောက်မှာ ကျင်းပခဲ့တဲ့ ပါကစ္စတန်နိုင်ငံရဲ့ လွှတ်တော် ရွေးကောက်ပွဲ တရားဝင်ရလဒ်တွေကတော့ ထွက်ပေါ်မလာသေးပါဘူး။ အချေအတင် ဖြစ်စရာတွေ ပေါ်ပေါက်နေတဲ့ ပါကစ္စတန်နိုင်ငံက ရွေးကောက်ပွဲ နောက်ဆုံး အခြေအနေတွေကိုတော့ ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။