မုန်တိုင်းကယ်ဆယ်ရေးနဲ့ သံသယ
Your browser doesn’t support HTML5
မဟာစင်မုန်တိုင်းဒဏ် ခံရနိုင်ခြေရှိခဲ့တဲ့ဒေသတွေက လူထုကို ဘေးကင်းလုံခြုံရာဆီ ရွှေ့ပြောင်းပေးဖို့ သက်ဆိုင် ရာ တာဝန်ရှိသူတွေက စီစဉ်တာမှာ လူထုက သူတို့အပေါ် မယုံကြည်မှုနဲ့ ကြောက်ရွံ့စိတ်တွေကြောင့် နေရာမရွှေ့ပြောင်းချင်သူ တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီဒေသတွေမှာရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေကနေ ဝင်ရောက် ကူညီပြီး ဆွဲဆောင် စည်းရုံးပြီးတော့ လုပ်ဆောင်ပေးခဲ့ ရတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကပြောပါတယ်။ ရန်ကုန်မြို့၊ နတ်မောက်လမ်းက ကုလသမဂ္ဂရုံးမှာ ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ကြတာတွေကိုတော့ ကိုယ်တိုင်သွားတက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။