သမ္မတ ခရီးစဉ်အပေါ် အမြင်များ

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင်အလည်အပတ်ခရီးစဉ်ဟာ မနေ့က အင်္ဂါနေ့မှာပဲ ပြီးဆုံးသွားခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ်ဟာ အမေရိကန်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးမှာ အရင်တုန်းကထက် ပိုပြီး တိုးတက်မှုတွေရှိလာတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် ထူးခြားမှုရှိတဲ့ ခရီးစဉ်တခုအဖြစ် မြန်မာပြည်တွင်းက လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒီအကြောင်းကိုတော့ ကိုကျော်သိင်္ခက စုစည်းတင်ဆက်ပေးထား ပါတယ်။