အမေရိကန်ရောက် အာရှနွယ်ဖွား လူငယ်များ

Your browser doesn’t support HTML5

အမေရိကန်ြ့ပည်ထောင်စုအတွင်းမှာ တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းမရှိပဲ နေထိုင်နေကြသူအရေအတွက်ဟာ ခန့်မှန်းခြေ အားဖြင့် ၁၁ သန်းနီးပါးတောင်ရှိနေပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နဲ့ ပက်သက်ပြီး ဥပဒေပြု လွှတ်တော် အမတ်တွေအကြား ငြင်းခုန်ဆွေးနွေးမှုတွေလုပ်ရာ မှာတော့ အဓိကအားဖြင့် စပိန် စကားပြော လက်တင်အမေရိကန်- တွေအကြောင်းကို အလေးပေးပြီးဆွေးနွေးကြတာပါ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအတွင်း တရားဝင်နေထိုင်ခွင့် စာရွက်စာ တမ်း မရှိပဲ လာရောက်နေထိုင်ကြတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံထဲက ပထမ ၅ နိုင်ငံထဲမှာ အာရှတိုက်သားတွေပါဝင်ပါတယ်။ ကာလီဖိုးနီးယား ပြည်နယ်ကတော့ တရားဝင်စာရွက်စာတမ်း မရှိပဲ ရွှေ့ပြောင်း အခြေချနေထိုင်သူ တွေအများဆုံးရှိတဲ့နေရာဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Elizabeth Lee သတင်းပေးပို့ထားတာကို မခွာညိုက ပြောပြပေး မှာပါ။