ဂျပန်ဝန်ကြီးချုပ် မြန်မာပြည်ခရီးစဉ်

Your browser doesn’t support HTML5

မြန်မာနိုင်ငံအနေနဲ့ Japan နိုင်ငံအပေါ်တင်နေတဲ့ အကြွေး ဒေါ်လာသန်းထောင်ချီကို လျှော်ပေးမှာဖြစ်ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေအတွက်လည်း တိုးချဲ့ ပေးအပ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) က ကတိပြုသွားပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံက ဆက်လက်ရပ်တည်နေတဲ့အချိန်မှာ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ စီးပွါးရေးပူူးပေါင်းဆောင်ရွတ်မှု မြှင့်တင်နိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဂျပန်ဝန်ကြီးချုပ်က စီးပွါးရေးလုပ်ငန်းရှင်တွေကို ဦးဆောင်ပြီး မြန်မာနိုင်ငံကို လာရောက်သွားခဲ့တာဖြစ်ပါတယ်။ မအေးသန္တာကျော် တင်ဆက်ပေးမှာ ဖြစ်ပါတယ်။