အမေရိကန် ကာကွယ်ရေးစံနစ် နဲ့ တရုတ် Cyber ထိုးနှက်မှု

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စုရဲ့ အဆင့်အမြင့်ဆုံး လက်နက်နည်းပညာ စံနစ်တွေကို ကွန်ပြူတာကနေတဆင့် တရုတ်နိုင်ငံဘက်က တား ဆီးနှောင့်ယှက်မှုတွေပြုလုပ်ခဲ့တာက အမေရိကန်ရဲ့ စစ်ရေးအရ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်တွေကို ထိခိုက်မှု မရှိခဲ့ဘူးလို့ ပင်တဂွန် စစ်ဌာနချုပ်က အမေရိကန်အရာရှိတွေက ပြောလိုက်ပါ တယ်။ တရုတ် hackers တွေဟာ အမေရိကန် ဒုံးကာကွယ်ရေးစံနစ်တွေ၊ တိုက်ရေယာဉ် နဲ့ သင်္ဘောတွေတည်ဆောက်ထားတဲ့ ပုံစံတွေ နဲ့ ပက်သက်တဲ့အချက်အလက်တွေကို ကွန်ပြူတာကနေတ ဆင့် ထိုးဖောက်ဝင်ရောက်ပြီး ကြည့်ရှုခွင့်ခဲ့တယ်လို့ Washington Post သတင်းစာမှာ တနင်္လာနေ့တုန်းက ဖော်ပြခဲ့ပါတယ်။ ဒီအကြောင်း နဲ့ပက်သက်ပြီး ဗွီအိုအေ သတင်းထောက် Luis Ramirez သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာဖြစ်ပါတယ်။