Hip Hop အဆိုတော် သားစိုးနဲ့ မေးမြန်းခန်း

Your browser doesn’t support HTML5

Politics and Music ခေါင်းစဉ်နဲ့ သြစတီးယားနိုင်ငံ ဗီယင်နာမြို့မှာ ဇွန်လထဲ ကျင်းပမယ့် ဂီတအနုပညာရှင်တွေ တွေ့ဆုံပွဲမှာ ကမ္ဘာတဝှမ်းက ဂီတ အနုပညာရှင် ၃၀ ကျော် ပါဝင်ဖျော်ဖြေကြ မှာဖြစ်ပါတယ်။ အဲဒီဖျော်ဖြေပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ ဂီတအနုပညာရှင်တွေထဲမှာ မြန်မာနိုင်ငံက Hip Hop အဆိုတော် တဦးဖြစ်တဲ့ သားစိုး လည်းပါတယ်။ ဗီယင်နာမြို့မှာ ကျင်းပမယ့် ဒီ ဂီတအနုပညာရှင်တွေတွေ့ဆုံမယ့်ပွဲမှာ မြန်မာနိုင်ငံက Hip Hop အဆိုတော်တယောက်အနေနဲ့ ဘာတွေပြင်ဆင်ထားသလဲ၊ ဘယ်သီချင်းတွေ နဲ့ ဘယ်လိုဖျော်ဖြေတင်ဆက်ဖို့ စဉ်းစားထား သလဲဆိုတာ နဲ့ ပက်သက်ပြီး ဗွီအိုအေကို ရောက်ရှိလာတဲ့ အဆိုတော် သားစိုးကိုကိုကျော်သိင်္ခ က တွေ့ဆုံ မေးမြန်းထားပါ တယ်။