မင်းကိုနိုင်အတွက် NED ရဲ့ ဒီမိုကရေစီဆု
Your browser doesn’t support HTML5
မနေ့က ဝါရှင်တန်မြို့တော် အမေရိကန် လွှတ်တော်အဆောက်အအုံမှာ NED National Endowment for Democracy အဖွဲ့ကြီးက မြန်မာ့အရေး ဆွေးနွေးပွဲတခုကျင်းပပြီး အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကို ၂၀၁၂ ခုနှစ်အတွက် ဒီမိုကရေစီဆု ချီးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအပေါ် စစ်ဆေးသုံးသပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲနဲ့ ဆုပေးပွဲအခမ်းအနားအကြောင်း မခင်ဖြူထွေးက ကိုယ်တိုင်သတင်းသွားယူခဲ့ပါတယ်။