သမ္မတဦးသိန်းစိန်နဲ့ ဆင်းရဲမွဲတေမှု လျော့ချရေး
Your browser doesn’t support HTML5
အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ တိုင်းပြည်ချမ်းသာဖို့ထက် ဆင်းရဲမွဲတေမှုကို လျှော့ချဖို့ ဦးစားပေးပြီး လုပ်နေရတယ်လို့ သမ္မတဦးသိန်းစိန်က နေပြည်တော်မှာကျင်းပတဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ညီလာခံမှာ ပြောလိုက်ပါတယ်။ နှစ် ၂၀ လောက် ဒဏ်ခတ်အရေးယူမှု ခံခဲ့ရတဲ့အတွက် နည်းပညာပိုင်းနဲ့ လူသားအရင်းအမြစ်ပိုင်းတွေ အားနည်းကုန်တာကြောင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကနေတဆင့် နည်းပညာနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာဖို့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို နေပြည်တော်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။