အီရန်ရွေးကောက်ပွဲ ခန့်မှန်းချက်

Your browser doesn’t support HTML5

အခုလာမယ့် သောကြာနေ့မှာဆိုရင် အီရန်နိုင်ငံမှာ ရွေးကောက်ပွဲ ပထမ အကျော့ကို ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ရှေးရိုးအယူဝါဒစွဲပြင်းထန်သူတွေ နဲ့ အယူဝါဒ ပျော့ပြောင်းသူတွေအကြား ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ရွေးကောက်ပွဲကနေထွက်လာမယ့်ရလာဒ်ဟာ အများဆုံးတော့ အီရန်နိုင်ငံရဲ့ လက်ရှိ မူဝါဒ နဲ့ ကွာခြားနိုင်ပေမယ့်၊ အနှစ်သာရအားဖြင့်တော့ ကွာခြားမှုရှိမှာမဟုတ်ဘူးလို့ အကဲခတ်တွေက ယုံကြည်ထားကြပါတယ်။ ဒီ အကြောင်း ဗွီအိုအေ သတင်းထောက် Al Pessin လန်ဒန်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။